The Zoland Post – ၂၀၂၆ခုနှစ်၊ မတ်လ ၅ရက်

ချင်းပြည်နယ် လောက်တူဒေသအတွင်းရှိ မော်တော်ယာဥ်များအားလုံး ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ထံ မှတ်ပုံတင်ကြဖို့ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(LRPA)က မတ်လ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
လောက်တူဒေသရှိ မော်တော်ယာဉ်ပိုင်ရှင်တွေနဲ့ ဒေသပြင်ပမှာ နေထိုင်ပေမယ့် လောက်တူဒေသ အခြေစိုက် ကုန်စည်တင်သွင်းတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီနှစ်မတ်လ ၁၆ရက်နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ နှိုးဆော်ထားတာဖြစ်ပါတယ်။
ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မော်တော်ယာဉ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နိုင်ဖို့ ယာဥ်ပိုင်ရှင်ရဲ့ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ပါတ်(စ်)ပို့ နှစ်ပုံ၊ ယာဥ်မောင်းအမည် နဲ့ ယာဥ်မောင်း မှတ်ပုံတင်အပါအဝင် ပါတ်(စ်)ပို့တို့ကို ယူဆောင်လာရမယ်လို့ ဆိုပါတယ်။
မှတ်ပုံတင်လုပ်ဆောင်ရာမှာ အခကြေးငွေ တောင်းခံမှာမဟုတ်ကြောင်းနဲ့ သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ခြင်းမပြုသူများကို လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
