The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၅ရက်

ချင်းပြည်(Chinland)အစိုးရ၊ ပညာရေးဌာနအတွက် ပညာဌာန အရာရှိ (ဌာနစိတ်-၃ တာဝန်ခံ)ရာထူးနဲ့ ကျန်းမာရေးဌာနအတွက် သင်ကြားရေးဝန်ထမ်း ၃ဦးကို ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
ပညာဌာန အရာရှိ (ဌာနစိတ်-၃ တာဝန်ခံ) ရာထူးအတွက် Microsoft Office ကျွမ်းကျင်ရမှာဖြစ်ပြီး မြန်မာ၊အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ၊ အခြေခံစာရင်းကိုင်သင်တန်းပြီးမြောက်သူ၊ လုပ်ငန်းအတွေ့အကြုံရှိသူတို့ကို ဦးစားပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းနေရာက ချင်းလုံမြို့ဖြစ်ပြီး အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာဖြစ်ကာ လျှောက်လွှာတွေကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းတာဝန်တွေကတော့ ဒေသတွင်း ပညာရေးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပုံမှန်ဆက်သွယ်ရေး ဆောင်ရွက်ခြင်း၊ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းများ စီစဉ်ရာ ပံ့ပိုးခြင်း ၊ ချင်းပြည်ပညာရေးအချက်အလက်များ ကောက်ယူပြုစုကာ ထိန်းသိမ်းခြင်း အပါအဝင် ချင်းပြည်ပညာရေး မူဝါဒ၊ သင်ရိုးညွှန်းတမ်းနဲ့ ဆရာအတတ်ပညာကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း သူနာပြုသင်တန်းကျောင်းအတွက် သင်ကြားရေးဝန်ထမ်း ၃ဦး ခေါ်ယူလျက်ရှိပြီး သူနာပြုဘွဲ့(Bachelor/ Master)ရရှိသူတွေက လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ရွေးချယ်ခံရသူတွေဟာ သင်တန်းကျောင်းမှာ သီအိုရီနဲ့ လက်တွေ့သင်ကြားမှု ပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းများ ပြုလုပ်ရမှာဖြစ်ပြီး လိုအပ်ပါက ဒေသတွင်း ဆေးရုံတွေမှာ ပါဝင်ကူညီပေးရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
လျှောက်လွှာကို မတ်လ ၃၁ရက်၊ ညနေ ၄ရီနောက်ဆုံးပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
