The Zoland Post | မေ ၇ ၊ ၂၀၂၆

ချင်းကာကွယ်ရေးတပ်ဖွဲ့ – တွန်းဇန် (CDF-Tonzang) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တပ်ဖွဲ့ဝင် ရဲဘော်ရဲမေတွေ စုစည်းပြီး စစ်ရေးပြအခမ်းအနားနဲ့အတူ စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ CDF Tonzang Supporters Group က ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ ရှေ့တန်းမျက်နှာစာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေ စုပေါင်းပြီး ချင်းအမျိုးသားအလံတော်ကို အလေးပြုတာ၊ ချင်းအမျိုးသားသီချင်းကို သီဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် CDF-တွန်းဇန် စစ်ဦးစီးချုပ်ဖြစ်သလို တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Zo MuMung က တက်ရောက်လာတဲ့ ရဲဘော်တွေကို အားပေးစကားနဲ့ လမ်းညွှန်မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလ (၅) နှစ်တိုင်တိုင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြတဲ့ CDF-တွန်းဇန် ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ အောင်ပွဲတွေအတွက် လေးစားဂုဏ်ပြုလျက် ဒီဓာတ်ပုံသတင်းကို တင်ဆက်ပေးလိုက်ပါတယ်။
ဓာတ်ပုံ။ ။ CDF Tonzang Supporters Group
