
လေးစားအပ်ပါသော မိဘပြည်သူများနှင့် တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ ခင်ဗျား –
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူညီမျှမှုနှင့် ဥပဒေစိုးမိုးရေးကို အခြေခံသည့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးသည် ကျွန်ုပ်တို့အားလုံး၏ ဘုံရည်မှန်းချက် ဖြစ်ပါသည်။
ဤသမိုင်းဝင် ခရီးကြမ်းကို လျှောက်လှမ်းရာတွင် ပြည်သူများ၏ မရှိမဖြစ်လိုအပ်သော “သတင်းသိရှိပိုင်ခွင့် (Right to Information)” နှင့် မှန်ကန်သော “မဟာဗျူဟာ၊ နည်းဗျူဟာများ” စီးဆင်းမှုသည် အသက်တမျှ အရေးကြီးလှပါသည်။
The Zoland Post သည် အခွင့်အရေးယူ အသုံးချလိုသော “မျောက်ပြဆန်တောင်း” မီဒီယာမျိုး လုံးဝ မဟုတ်ပါဘJ ခေါင်းဆောင်များနှင့် ပြည်သူများ သိသင့်သိထိုက်သည့် အမှန်တရား၊ လက်တွေ့ကျကျ အသုံးချနိုင်မည့် ဗျူဟာမြောက် သတင်းအချက်အလက်များကို နိုင်ငံတကာ မီဒီယာစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး အကောင်းဆုံး ထုတ်လွှင့်ပေးနိုင်မည့် လွတ်လပ်သော သတင်းဌာနတစ်ခုအဖြစ် ရပ်တည်ရန် ကျွန်ုပ်တို့၏ နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း သန္နိဋ္ဌာန်ချထားပါသည်။
ထို့ကြောင့် The Zoland Post အနေဖြင့် အောက်ပါအချက်များကို အထူးအလေးထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်-
– သတင်းအချက်အလက် မှန်ကန်မှု (Accuracy & Truth): မြေပြင်အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး တိကျခိုင်မာသော မြေပြင်သတင်းများကိုသာ တင်ဆက်မည်။
– မဟာဗျူဟာမြောက် လေ့လာသုံးသပ်မှု (Strategic Analysis): ရန်သူ့ယန္တရားကို ထိရောက်စွာ ချေမှုန်းနိုင်ရန်နှင့် တော်လှန်ရေး အင်အားစုများအတွက် အထောက်အကူပြုမည့် လက်တွေ့ကျသော လေ့လာသုံးသပ်ချက်များကို ပံ့ပိုးမည်။
– ကျင့်ဝတ်နှင့် တာဝန်ယူမှု (Ethics & Accountability): ဂျာနယ်လစ်ဇင် ကျင့်ဝတ်ကို အထူးလေးစားလိုက်နာကာ ပြည်သူ့အကျိုးစီးပွားကိုသာ ရှေးရှုမည်။
ပြည်သူလူထုထံမှ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ခြင်း
သတင်းမီဒီယာတစ်ခု အင်အားတောင့်တင်းခိုင်မာစွာဖြင့် ရေရှည်ရပ်တည်နိုင်ရန်၊ ပိုမိုကျယ်ပြန့်သော စုံစမ်းထောက်လှမ်းမှုများနှင့် အရည်အသွေးမြင့် ရုပ်သံသတင်းထုတ်လုပ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူလူထု၏ ယုံကြည်မှုနှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများသည် မရှိမဖြစ် လိုအပ်လှပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်သစ်ဆီသို့ ဦးတည်နေသော ဤတော်လှန်ရေးခရီးစဉ်တွင် The Zoland Post မှ အားမာန်အပြည့်ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရန် အပြုသဘောဆောင်သော အကြံဉာဏ်များ ပေးအပ်ခြင်း၊ ခွန်အားဖြစ်စေမည့် ဆုတောင်းမေတ္တာ ပို့သပေးခြင်း၊ မီဒီယာလုပ်ငန်းစဉ်များ ပိုမိုချောမွေ့စေရန် ဘက်စုံထောင့်စုံမှ လက်တွေ့ကျကျ ငွေကြေးနှင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီခြင်း စသည်တို့ဖြင့် ဝိုင်းဝန်းလက်တွဲ ပါဝင်ပေးကြပါရန် အထူးလေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ပြည်သူသာလျှင် အဓိကဖြစ်ပြီး၊ ပြည်သူ့ခွန်အားဖြင့်သာ အမှောင်ခေတ်ကို ကျော်ဖြတ်နိုင်မည်ဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။
The Zoland Post Team
