CHRO နှင့် သီးသန့် အင်တာဗျူး အပိုင်း (၁) မြန်မာ့နွေဦးတော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း နေ့စဉ်နဲ့အမျှ ကျူးလွန်ခံနေရတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရဲ့ တရားမျှတမှုကို ပြည်သူတွေ မျှော်နေခဲ့ကြပါတယ်။
အခုတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ နှစ်ရှည်လများ အသက်စွန့် ကြိုးပမ်းမှုရလဒ်အဖြစ် စစ်ကောင်စီခေါင်းဆောင်တွေကို တရားစွဲဆိုထားမှုကို ‘တီမောလက်စတေး’ (Timor-Leste) နိုင်ငံ တရားရုံးက သမိုင်းဝင် လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
မြေပြင်က ပြည်သူတွေအတွက် ဒါဟာ တကယ်ပဲ “သမိုင်းဝင် သတင်းကောင်း” ဖြစ်လာမှာလား။
အာဆီယံရဲ့ “ဝင်မစွက်ဖက်ရေးမူ” ဆိုတဲ့ သံတမန်ရေး အတားအဆီးတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ၊ လေကြောင်းကနေ ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးခံထားရတဲ့ ချင်းပြည်နယ်ရဲ့ မြေပြင်ကနေ နိုင်ငံတကာ တရားစီရင်ရေး စံနှုန်းမီတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား (Verified Evidence) တွေကို အသက်စွန့်ပြီး ဘယ်လို စုဆောင်းခဲ့ရလဲ ဆိုတာတွေကို The Zoland Post ရဲ့ သီးသန့်အင်တာဗျူး အစီအစဉ်မှာ CHRO မှ ပြောရေးဆိုခွင့်ရှိသူ ဆရာ Salai Mang Hre Lian ကို ဖိတ်ခေါပြီး နောက်ကွယ်က ခက်ခဲကြမ်းတမ်းတဲ့ ဥပဒေရေးရာ ကြိုးပမ်းမှုတွေနဲ့ မြေပြင်က ရဲရင့်တဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို အသေးစိတ် မေးမြန်း တင်ဆက်ထားပါတယ်။
