The Zoland Post | မတ် ၃၁၊ ၂၀၂၆
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းကွင်း (၁၆) ခုနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၆၀ နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ၅ လကျော်ကြာတဲ့အထိ ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများနေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက မြို့နယ်အများစုကို လက်လွှတ်လိုက်ရပြီးနောက် နယ်မြေပြန်လည်စိုးမိုးဖို့ ကြိုးပမ်းရာမှာ ကြုံတွေ့နေရတဲ့ စစ်ရေးအရ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဗျူဟာကျတဲ့ လမ်းပိုင်းတွေမှာ ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေဟာ သိသိသာသာ တန့်သွားခဲ့ရတာပါ။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း သိုင်းငင်းကျေးရွာကနေ ဆွလိမ်နဲ့ ဇောင်ကောင်ကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို CDF CDM SIYIN တပ်ဖွဲ့က မိုင်းကွင်း (၁၆) ခုနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ဇောင်ကောင်ရွာထိပ်မှာ ချင်းတော်လှန်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းလုံးရေ ၃၀ ကျော် မိသွားတာကြောင့် စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်ခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အလောင်းတွေကို ဆိုင်ကယ်တွေနဲ့ ၈ ခေါက်မက သယ်ထုတ်ခဲ့ရသလို ဒဏ်ရာရသူတွေကိုလည်း တောင်ကြောတွေအတိုင်း ဆွဲယူပြီး ဆုတ်ခွာသွားခဲ့ရတာပါ။
စစ်ကြောင်းမှူး ကျဆုံးသွားတာကြောင့် ကလေးမြို့အခြေစိုက် တပ်တွေဆီကနေ စစ်ကြောင်းမှူးအသစ် တစ်ယောက်ကို အရေးပေါ် ပြန်လည်ဖြည့်တင်းခဲ့ရတယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက အတည်ပြုထားပါတယ်။
လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ ဖလမ်းမြို့နယ်အတွင်းမှာပဲ အင်အား ၁၀၀ ကျော်နဲ့ ဆက်ရှိနေပြီး နယ်မြေပြန်လည်စိုးမိုးဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ ခုမှာ ၆ ခုအထိ တော်လှန်ရေးအဖွဲ့တွေက အလုံးစုံစိုးမိုးထားတာကြောင့် စစ်ကောင်စီအနေနဲ့ ကျန်ရှိနေတဲ့မြို့တွေကို ထိန်းသိမ်းဖို့နဲ့ နယ်မြေပြန်လည်ရရှိဖို့အတွက် ပိုမိုကြီးမားတဲ့ စစ်ရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့နယ်အများစုကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ အခုလို စစ်ကြောင်းမှူးတွေပါ သေဆုံးတဲ့အထိ အထိနာနေတာကြောင့် သူတို့ရဲ့ စစ်ရေးဗျူဟာ ပြောင်းလဲသွားနိုင်မလား။ မိဘပြည်သူတွေရဲ့ အမြင်တွေကို ကွန်မန့် (Comment) မှာ မျှဝေပေးခဲ့ကြပါဦး။
#TheZolandPost#Falam#ChinState#CDF#Siyin#MyanmarRevolution#LandmineAmbush#MilitaryJunta#WarUpdate#SpringRevolution
