The Zoland Post 20, Nov, 2026
အခုဟာက Crime against humanity အဆင့် မဟုတ်ဘူး၊ Genocide ကို ကျူးလွန်ခဲ့တာ ကမ္ဘာမှာ ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက်ချတာ ခံရတဲ့ နိုင်ငံပဲ။ ဗမာပြည်ရဲ့ history က တော်တော်ကြီးကို သိမ်နုပ်သွားတဲ့ ဘဝကို ရောက်သွားပြီ။
ကျွန်တော်တို့ ဒီလူမျိုးတွေဟာ ဒီလိုမျိုး Genocide လုပ်ခဲ့ပါလားဆိုတဲ့ သမိုင်းမှာ တွင်ကျန်ရစ်ခဲ့သွားပြီ။ ဒီလို တစ်ပြည်လုံး ဂုဏ်သိက္ခာ ညှိုးနွမ်းသွားအောင် လုပ်တာကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာရူးတစ်သိုက်ဆိုတာ ထင်ရှားသွားပြီ။
ဒီလိုမျိုး ဆုံးဖြတ်ချက် ချလိုက်တဲ့အတွက်ကြောင့် အခုပဲ ကြည့်လေ ဗြိတိန်နိုင်ငံက စစ်သံမှူးကို ပြန်မောင်းထုတ်တော့မယ်။ ဒါ ချက်ချင်းလာပြီ၊ တစ်နိုင်ငံတည်း မဟုတ်ဘူး၊ ဒီပြင်နိုင်ငံတွေ ဒီပြင်နိုင်ငံတွေကလည်း အဲဒီလို ဆောင်ရွက်မှာ ဖြစ်တယ်။ အဲဒီလို ဆောင်ရွက်မှာ သေချာတယ်။
ဒီလောလောဆယ်မှာ ဒါတွေ ဆက်မဖြစ်အောင် စစ်တပ်ကို ထိန်းထားပါလို့ သူက အဲဒီအမိန့်ထဲမှာ ပါတယ်။ အဲတော့ စစ်တပ်ကို ထိန်းထားပါဆိုတော့ အခု စစ်အစိုးရ၊ စစ်အလိုကျ ရေးဆွဲတဲ့ ပုံစံ၊ စစ်တပ်ကြိုက်တဲ့ ဥပဒေ၊ စစ်တပ်ကြိုက်တဲ့ လွှတ်တော်၊ စစ်တပ်က ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ပဲ သမ္မတ ဆက်ဖြစ်နေတယ်ဆိုတော့ ဒီဆုံးဖြတ်ချက်က လက်တွေ့မှာ ဒီနေ့လို အချိန်အခါမျိုး အကောင်အထည်ဖော်ရတာ ခက်တယ်လို့ ကျွန်တော် မြင်ပါတယ်။
