နိုဝင်ဘာလ ၁၇ ရက်နေ့
“ကမ္ဘာပေါ်မှာ အစိုးရတစ်ရပ်ရပ်က စနစ်ကို ပြောင်းလဲပေးခဲ့တာ မရှိပါ။ ဒေါသထွက်နေတဲ့ လူထုကသာ ခေတ်တွေ၊ စနစ်တွေကို ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။”
ဘယ်နိုင်ငံကိုကြည့်ကြည့် စနစ်တစ်ခု ပြောင်းပြန်လှန်ထွက်သွားတာ၊ Constitution တစ်ခု အရာမရှိတော့ဘဲ အိမ်သာသုံးစက္ကူလို ဖြစ်သွားတာတွေရဲ့ နောက်ကွယ်မှာ ပြည်သူလူထုရဲ့ ဒေါသနဲ့ အင်အားက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း၊ ABSDF ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဆရာ ဦးကိုကိုလေး The Zoland Post နဲ့ သီးသန့်ဆွေးနွေးရာမှာ အခုလို ထောက်ပြပြောကြားထားတာ ဖြစ်ပါတယ်။
ဒီ Exclusive Interview မှာ အောက်ပါအချက်တွေကို ဆွေးနွေးထားပါတယ်။
- စနစ်တွေ ပြောင်းလဲသွားတဲ့ အရင်းခံအကြောင်းရင်းတွေ
- Constitution တွေ ပြိုလဲရတဲ့ အကြောင်းအရာတွေ
- ပြည်သူလူထုရဲ့ အခန်းကဏ္ဍ
ဗီဒီယိုအပြည့်အစုံကို ကြည့်ရှုပြီး သင့်အမြင်ကို Comment မှာ ဝေမျှပေးပါ။ The Zoland Post ကို Subscribe လုပ်ပြီး နောက်ထပ် သတင်းနဲ့ အင်တာဗျူးတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
