အဆိုးရွားဆုံးနိုင်ငံ့သမိုင်းတွင်စေတဲ့ တရားခံ စစ်အာဏာရှင်ခေါင်းဆောင်များ (Exclusive Interview Part 2)
“ဒီနိုင်ငံက ရှေ့ဆက်ပြီးတော့ ဒီလူတွေ အုပ်ချုပ်နေသမျှ၊ ဒီပုံစံနဲ့ အုပ်ချုပ်နေသမျှ ဒီထက် ပိုဆိုးရုံကလွဲလို့ ဘာမှမရှိဘူး။ ပြည်တွင်းကနေ ဖြစ်လိုက်တဲ့ ပြဿနာက တခြားနိုင်ငံ ရောက်သွားတဲ့အတွက်ကြောင့် National conflict ကနေပြီးတော့ International conflict ကို level ကို တက်သွားတယ်လို့ ကျွန်တော်က ထောက်ပြချင်ပါတယ်။ ဒါ Conflict resolution မှာ သုံးချက်ရှိတဲ့ထဲမှာ သာမန်အလယ်လောက်မှာရှိတဲ့ ပြည်တွင်း National conflict level ကနေ International conflict ဖြစ်သွားတယ်ဆိုတော့ ခေါင်းဆောင်ဆိုတာ ကြီးတဲ့အမှုကို သေးအောင် လုပ်ရမယ်၊ သေးတဲ့အမှုကို ပပျောက်အောင် လုပ်ရမယ်။
တပ်မတော်သားတွေကို ထပ်ပြောချင်တာ၊ အာဏာရှင်တွေက သူတို့အာဏာအတွက် ခင်ဗျားတို့ကို တိုက်ခိုင်းနေတာ။ သေမယ့်လူက ခင်ဗျားတို့၊ စစ်တပ်က ဗိုလ်ချုပ်တွေက ဘယ်တော့မှ မသေဘူး။ တစ်ဆွေတစ်မျိုးလုံး ဘီလီယံနာတွေ ဖြစ်ပြီးတော့ ကမ္ဘာလှည့်ပြီးတော့ ငြိမ့်ငြိမ့်လေး စားသောက်နေတာ။ပြည်သူလူထု လွတ်မြောက်ရေးအတွက် ထိပ်ဆုံးကနေပြီး အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မတော်ကြီးဟာ အခုက ပြည်သူတွေကို သတ်လွန်းအားကြီးလို့ သတ်မတော်ဆိုတာ ဖြစ်နေပါပြီ။ သတ်မတော်ဘဝကို ဆိုက်ရောက်သွားပြီးတော့ ယနေ့ Gen-Z လေးတွေက စစ်ခွေးတွေလို့ ခေါ်နေတာ ဖြစ်ပါတယ်။
စစ်ခွေးဘဝ၊ သတ်မတော်ဘဝကနေပြီးတော့ နဂိုမူလ တပ်မတော်နေရာကို ပြန်ဂုဏ်သိက္ခာရှိအောင် လုပ်ဖို့က ယနေ့ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။” လို့ ဆရာ ဦးကိုကိုလေးက ပြောထားပါတယ်။
