The Zoland Post | ၁၇ နိုဝင်ဘာ ၂၀၂၆
ဟွာလ်ငိုးရမ်းဒေသ ပညာရေး ခရီးလမ်း ရုပ်သံအစီအစဉ်ရဲ့ ဒုတိယအပိုင်းကို ဆက်လက်တင်ဆက်လိုက်ပါတယ်။
ပထမပိုင်းမှာ ကျောင်းတွေရဲ့ အခြေအနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေကို တင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
အခု ဒုတိယပိုင်းမှာတော့ မိဘတွေနဲ့ ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ ငွေကြေးအကျပ်အတည်းတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သားသမီးတွေအတွက် ကျောင်းလခ ကင်းလွတ်ခွင့်ပေးထားမှုနဲ့ Grade 12 ပြီးရင် ဘာဆက်လုပ်ကြမလဲဆိုတဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ဆက်လက် လေ့လာရမှာ ဖြစ်ပါတယ်။
🔹 ဒီဒုတိယပိုင်းမှာ ဘာတွေပါဝင်လဲ?
- ငွေကြေးအကျပ်အတည်းနှင့် ကျောင်းလခ: ကျောင်းထွက်ရတာမျိုးတွေ ရှိသလို တော်လှန်ရေးရဲဘော်တွေရဲ့ သားသမီးတွေအတွက် ကျောင်းလခ ကင်းလွတ်ခွင့် ပေးထားတဲ့ အခြေအနေ။
- အဆင့်မြင့်ပညာရေးနှင့် အနာဂတ်: ချင်းပြည်အဆင့်မှာ ဆေးတက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာ ကဏ္ဍတွေ ပေါ်ထွက်လာပြီဖြစ်ပေမဲ့ လက်မှတ်ထက် တကယ့်ပညာတတ်မြောက်ဖို့ အဓိကထားနေရမှု။
- နယ်စပ်ဖြတ်ကျော် ပညာရေးနှင့် NGO ထောက်ပံ့မှုများ ရိဒ်ခေါဒါရ်မြို့က ကျောင်းတက်ရောက်မှု အခြေအနေတွေ၊ မီဇိုရမ်ဘက်ကမ်းကို နေ့ချင်းပြန် သွားရောက်တက်နေရတဲ့ ကလေးငယ်တွေရဲ့ အခြေအနေနဲ့ ပြည်တွင်း/ပြည်ပ NGO တွေရဲ့ ကူညီထောက်ပံ့မှုများ။
📌 ဟွာလ်ငိုးရမ်ဒေသရဲ့ ပညာရေးဖော်ဆောင်နေမှု အခြေအနေတွေကို အစအဆုံး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အခုလို အစီအစဉ်တွေကို ဆက်လက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
By – စနေမိုး
