တော်လှန်ရေး ၆ နှစ်ထဲ ဝင်လာချိန်အထိ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး ပန်းတိုင်တူညီနေပါလျက်နှင့် ဘာကြောင့် တိကျခိုင်မာတဲ့ “ဘုံနိုင်ငံရေးသဘောတူညီချက် (National Political Pact)” တစ်ခု မရနိုင်သေးတာလဲ။
NLD အစိုးရလက်ထက်က ချမှတ်ခဲ့သော “ဒီမိုကရေစီ ဖက်ဒရယ်” လမ်းကြောင်းနှင့် နွေဦးတော်လှန်ရေးနောက်ပိုင်း ပေါ်လာတဲ့ အောက်ခြေမှစတင်တည်ဆောက်သည့် (Bottom-up Approach) “ဖက်ဒရယ် ဒီမိုကရေစီ” အကြား အနှစ်သာရပိုင်းအရ အမှန်တကယ် ကွာဟချက် ရှိနေသလား။
ခေါင်းဆောင်များအကြား တိကျခိုင်မာတဲ့ “ဘုံနိုင်ငံရေးသဘောတူညီချက် (National Political Pact)” တစ်ခု မရနိုင်သေးတဲ့ အဓိက ‘အရင်းခံပြဿနာ’ က ဘာလဲ။
The Zoland Post ၏ Panel Discussion (အပိုင်း – ၁) တွင် နိုင်ငံရေးနှင့် တော်လှန်ရေး ဦးဆောင်သူများဖြစ်ကြသည့် ဦးတိုးကျော်လှိုင် (NUCC) ၊ ဦးခွန်မြင့်ထွန်း (PNFC) နှင့် ဒေါ်ခင်ဥမ္မာ (Progressive Voice) တို့မှ မြေပြင်နိုင်ငံရေး အခင်းအကျင်း၊ နိုင်ငံတကာရဲ့ ဖိအားတွေနှင့် တော်လှန်ရေးအင်အားစုများအကြား မဖြစ်မနေ လိုအပ်နေသည့် နိုင်ငံရေးဆွေးနွေးမှု (Internal Dialogue) အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေးထားပါတယ်။
မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် ပြဿနာအရင်းခံ ဖော်ထုတ်သည့် ဒီအရေးကြီးသော ဆွေးနွေးပွဲကို ကြည့်ရှုပြီး သင့်အမြင်များကိုပါ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
Modirator – Suan Kip
